Friday, February 3, 2012

မောင် မှိုင်း တမ်း ချင်း

“ဘေဒါရီ သက်လျာကတုံးတို့ကိုလ ဝေသာလီပျက်ရှာတဲ့ ထုံးတွေနှင့် မနက်အခါတုံးဆီကဟောခဲ့ပြီ။ ပုဂံလစ်စဉ်က ရန်အဖြစ်တွင်ဖြင့် ကျန်ရစ်ငရမန်ပမာသို့၊ မြန်ခေတ်ကံကြမ္မာထင့် မာန်ပါပါ သတင်းစာတွေကလဲ ဆဲကြတဲ့ပြင် နှစ်တန်နှစ်ဖြာ အသင်းတကာမှ အချင်းချင်း မြန်မာတွေကွဲချိန်မို့၊ အားနည်းကာ ငွေဝင်မလွယ်ကြတဲ့ နေရှင်နယ် ကျောင်းတွေခက်ပြန်တော့ တစ်ရက်တစ်နာရီမှ မသာမကြည် အနိဠာဂရုံသဘောတွေနှင့် အညာဆီ စိတ်မှာ အကုန်စောမိပါတော့၊ ဟောမရ ပြောမရ ဒေါမနတွေကြောင့် သောကယှဉ်မှီ။”

“အညာတစ်ခွင်တောင်စကိုင်းဆီက ။မောင်မှိုင်းမသေမီပါ့ ရွှေပြည်သူမြန်မာ ရဟန်းရှင်လူ အများတို့မှာလ မြေဒီဇမ္ဗူ ကမ္ဘာမှာလေ အတန်းအသွင်တူ ကြွားပုံကိုဖြင့် မျက်ဝါးထင်ထင် မြင်ခဲ့သေးချင်တဲ့ပြင်၊ ဘေးမခု တရန်ပြိုရအောင် နော်ကွယ်…အေးဆုပန်ဆို။”

“ကိုယ့်အမျိုးဘာသာမှာ ထမင်မီးရောင် စွဲစွဲပြီး၊ ဘ၀င်သည်းခေါင် ကွဲရစ်အောင်ပေါ့၊ ဗြဟ္မစိုရ်မိုးအရွာမှာ ၊ ခိုကိုးရာပင်ထီးပင်ညောင် လဲသလိုပေါ့၊ သွင်နည်းဆောင် တနဲသာပါ့ မကောင်းသည့် ကြမ္မာတွေ ဒေါင်းမိမြန်မာပြေမှာလ ဗျပါအခြေနွမ်း အပေါင်းတပည့် တကာတွေမှာဖြင့် ကြာလေကြာလေပန်း။”

“စိတ်ငယ်ဘွယ် အမှောင် ဆိုင်းပြန်တော့သပိတ်လွယ်တောင်စကိုင်းဆီက မောင်မှိုင်းဖြင့် ပူတော်မူ”

“သြော်..တပည့်အရင်းတွေမို့ က၀ိမတင်နိုင်ဘူးကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု သောကဘလောင်ဆူတော့။”

“အစွမ်းကုန် သည်တစ်ခါဖြင့် ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့၊ သုသာန်တံခွန် စောင်းရရှာတဲ့ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့် အလွန် ကောင်းစွာ ကမ္ဘာတည်မည့် “အာဇာနည်ဗိမာန်” ပုထိုးကိုဖြင့် ပါရမီ အဓိဋ္ဌန်တစ်မျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဖို့ တဗျူဟာ အောင်မခန်းတွင်မှ လူမသမာအမှောင်သန်းချိန်မို့၊ သောင်းကမ်း မို့မို့ဆီက၊ ဖောင်နန်းကုတို့နှင့် အကြောဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော်..တောင်နန်းမြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့ အခေါင်မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံ နှမြော။”

“ကမ္ဘာ့ရေမြေ ခေတ်အပြည်ပြည် ဖျက်ပေမယ့် မြန်မာတွေ စစ်ချီထွက်ပြီမို့ ဖြစ်မည်အတွက်ကိုတဲ့ အပြုံးသာဆရာမြင်၊ ကြုံးဝါး ဘာမထင်ပါတဲ့ အရင်သမ္ဘာအစွမ်း၊ အလုံးအပြား ကမ္ဘာတစ်ခွင်မှာ ဖြင့် အကြင်မြန်မတ၀န်း။”

“ဘဂ၀ါ ဘုရာစက်ပျံ နိဗ္ဗာန် ကောင်းကင်စခန်းပေပေါ့၊ ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ ၊ ခအောင်းကညင် သဖန်းငဲ့ပြင် ထနောင်းပင် တနန်းရယ်တဲ့ ဝနာကမ္ဘာယံအငူ၊ အပေါင်းဘ၀င်ချမ်းစေဖို့၊ အကောင်း ထမင်မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံထူ။ ။ ပြေအမူပေမို့ ၊ ငွေခရုရယ်နှင့် ၊ ဇေယျတုပါကွဲ့၊ သပြေနုချိန် တင်ရန်ပန်းတွေကလဲ များလိုက်ပါဘိသနဲ့။ ။ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့် အားမြောက်ဖွယ် ကြံလွယ်ဖန်လွယ်နှင့်၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့် ဆုတောင်းကာ ကတ္တနာ ဆင်တဲ့ပြင်၊ ဆရာ အရှင်မင်းရို့ကိုရင်မှိုင်းမှာဖြင့် လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့၊ မယ့်မြင့်ခေါ် ကေသာဝတီရဲ့ပြင်၊ ခေမာထေရီ မေရီကြော့ ကြော့ရွှန်းတို့နှင့် မဟာအလုံ အညာမုံရွာ တဝှန်းငဲ့ပြင် ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက လွမ်းရက် မမေ့သူတွေမှာနော်ကွယ်… ဆွမ်းသက်စေ့လှူ။”

“မြန်မာပြည် ပျက်ခါနီးတွင်မှ မကြာမရှည်ဆက်မှာ အပြီးသာပါ့၊ စက်ရတနာမီးရယ်တဲ့၊ ဘုန်တော်ဖြာ။ ။သတင်းကောင်းလိုက်ပါဘိသနှင့်၊ အသင်းအပေါင်းတွေနဲ့၊ မင်းလောင်း အောင်ဇေယာတဲ့နှော၊ တောင်မြေကမ္ဘာမှာ ပြောင်ဝေသမ္ဘာလျှမ်းပေသမို့၊ နောင်အရှည်အကြာ မောင်ရွှေမြန်မာတို့ လွမ်းလောက်ပေရဲ့၊ ရွှေဗဟိုရ်ရွှေဘိုက ရွမ်းချိန်မို့၊ ထွန်းသိုက်သြဘာ။”

“မကုဋဝရာဇီ သီဟာရတနာ ပလ္လင့်တွင်မှ ၊ ပဒုမ သီတလာ တညီလာသမ္ဘာတင့်စဉ်က ဘသူ့ကမှ မထီသကွာ၊ ပြည်တကာ ပဏ္ဏာဖွင့်ရပါသတဲ့၊ အခါနှင့် အခွင့် မြန်မာတွေလဲ ဝင့်ခဲ့ပေသပေါ့၊ တရာမင့်ရိပ်ထီး သဘင်ညာ ဟိတ်ကြီးအထင် ကရာရယ်နှင့် အစဉ်အလာသမိုင်း၊ စိတ်ကြီးဝင်စရာပါ့ ယခင်မြန်မာ့တိုင်း”

“သတင်းလှစွာ ၊ ယင်းမှ တဖြာပါ့ ၊ မင်းကျစွာ မဟာဘုရင်မတော့၊ မြန်မာတစ်ခွင်မှာ အမြတ်ထားနေကြ၊ သဒ္ဒါအမြင် ပရက်မက်တရားကိုလ၊ မှတ်သားရန် အချိန်လုတဲပြင်၊ တတ်အားမသန် တသန်၊ အရှိန်နုတွေဖို့၊ ဗိန္ဓုခေါ် စာနှစ်ကျမ်းကိုလ၊ ကြိုးပမ်းကာ ကိုယ်တော်ရေးခဲ့တဲ့ပြင်၊ ရင်သွေးတော်ပင်တိုင်တမိပေပေါ့၊ ရုဇာဒေဝီလိုဟာ ယခုမြန်မာရွှေပြည်မှာဖြင့် မရှိပြီဘု၊ ဇာတိအပင် အခြေပျောက်ပြန်တဲ့ဘဝပေမို့၊ သာကီ့ဝင်တွေ မောက်ဟန်လဲ မပြချင်ဘု၊ နောက်ယမန် သမယဆီက၊ အထောက်မတန်လှခဲ့တဲ့၊ မြန်မာပလ္လင်ပျံကွန်းပေမို့၊ ပေါက္ကန်ကျကာမှ ဆရာ့မှာ အင်မတန်လွမ်း။”

Sunday, August 7, 2011

အမေ ဆိုတာ

သူတို့ ( ဂျော်ဂျီယာ) ပြည်နယ်က ဆိုရှယ်လစ် အမိနိုင်ငံပါတဲ့။ အဖနိုင်ငံလို့ မခေါ်ပါဘူး။ အမိကို ဘာဖြစ်လို့ ဒီလောက်တွယ်တာရသလဲဆိုတော့ လောကမှာ အမိသာလျှင် မဖောက်မပြန် မှန်ကန်သော ထာဝရ မေတ္တာရှင် ကရုဏာရှင်ဖြစ်လို့ပါတဲ့။
( ထိုတစ်နေ့-ဆောင်းပါး)

ဒီလောကမှာ အမေ့ကိုမှ မချစ်ဘူး။ မသိတတ်ဘူးဆိုတဲ့ လူဟာလေ သူကိုယ်တိုင် ဘယ်သူ့ကိုမှ ချစ်လိမ့်မယ် မထင်နဲ့။ တိုင်းပြည်ကိုလည်း မချစ်ဘူး။ ဘယ်သူ့ကိုမှလည်း ရိုသေမှာမဟုတ်ဘူး။ ဘယ်သူ့ကျေးဇူးကိုမှလည်း သိတော့မှာမဟုတ်ဘူးဆိုတာ စိတ်သာချ ဒိဠ ဒိဠအမှန်ပါပဲဗျာ။
(ထိုတစ်နေ့ - ဆောင်းပါး)

“အမေ”၊ “အမေ” အမေ့ဂုဏ်ကို သိပြီဆိုသည်နှင့် တစ်ပြိုင်နက် ယုံချင်ယုံ မယုံချင်နေ အလုပ်အကိုင် အတည်တကျနှင့် မကြောင့်မကြနေရတဲ့ ဘ၀ ရောက်ခဲ့ရတယ်။
( အမေစားရသော ထမင်းတစ်နပ်)

ကမ္ဘာကြီးတွေ ကမ္ဘာကြီးတွေမှာ အာဒမ်နဲ့အေ၀ကပဲ စတယ်ပြောပြော ၊ ဗြဟ္မာကြီးလေးပါးကစတယ်လို့ပဲပြောပြော သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ကျေးဇူးရှင် ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီကနေ့အထိ ကျွန်တော်တို့အထိ၊ သားစဉ်မြေးဆက်တွေ ဖြစ်လာတာ မဟုတ်လားအမေ၊ ဒါကြောင့် “မ” သတ္တ၀ါများ အမများဟာ အမေတွေ ဖြစ်မယ့် အမများဟာ၊ အမေများဟာ ကမ္ဘာ့မိခင်လို့ မခေါ်ထိုက်ဘူးလား အမေရယ်။
နောက်တစ်ခု အမေ၊ ကမ္ဘာတွင်လား၊ သာသနာ့မိခင်လို့ရော မခေါ်ထိုက်ဘူးလားအမေ၊ အမေစဉ်းစားကြည့်နော်၊ တမန်တော်ပဲ ဖြစ်ဖြစ်၊ ခရစ်တော်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ် အမေတွေရဲ့ ၀မ်းကြာတိုက်မှာ သန္ဓေယူတော်မူကြရတာမဟုတ်လားအမေ။
(ပထမအကြိမ် အမေနေ့ ဟောပြောချက်)

မြတ်သော အလှူ ၆

ညောင်ပင်ကြီးလောက်လှူသော်လည်း ညောင်စေ့လောက်ကုသိုလ်သာရတတ်၏၊ ညောင်စေ့လောက်လှူသော်လည်း
ညောင်ပင်ကြီးလောက် ကုသိုလ်ရတတ်၏တဲ့။ ဤအဆိုအမိန့်ကို ကိုသက်ဦး ရေးရေးခြားခြား သဘောမပေါက်မိသေး။
ကိုယ့်မှာကလည်း သားနှစ်ယောက် သမီးတစ်ယောက်။ သားကြီးက ခုနစ် နှစ်၊ သားငယ်က လေးနှစ်။ နေမည်ဆိုလည်း နေလို့ရနိုင်သေးသည်။ လာမည့်နှစ် နှစ်၊ သုံးနှစ်အတွင်းတွင် မလွဲမသွေ ရင်ဆိုင်ရပေတော့မည်။ အဲ့ဒီအချိန်ရောက်လာပြီဆိုရင် ဘယ်ပုံဘယ်နည်းနှင့် ကိုယ့်သားမီးကို သာသနာ့ဘောင်သို့သွတ်သွင်းရမည်ကို ကိုသက်ဦး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ ကိုပေါက်စတို့လို သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးနှင့် ကျောင်းအပ်လိုက်မည်လား။ ကိုယ့်မှာ အပေါင်းအသင်းက ရှိထားတော့ လိုက်ထားတာတွေလည်း ရှိထားတော့ ကိုသိန်းမြင့်လိုပဲ ကံစမ်းလိုက်ရမလား။ မမခင်တို့ သူငယ်ချင်း ဒေါက်တာသန့်ဇင်တို့လိုအလှူမျိုးတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ကို တွက်ပြီး ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း ဘယ်အတွက်ကြောင့် သားသမီးများအား ရှင်ပြုနားသအလှူမင်္ဂလာကို မဖြစ်မနေလုပ်နေကြသနည်း။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည့် ကိုသက်ဦး ကိုယ့်ကိုယ်ကို မေးမြန်ကြည့်မိသည်။ သံသာရာဝဋ်ဆင်းရဲမှ လွတ်ကင်းရန် ရည်သန်၍ လှူဒါန်းကြသည်ဟု ဖြေရမည်ပင်။ ဤသို့လှူဒါန်းခြင်းဖြင့် အပါယ်တံခါးပိတ်ပြီး နိဗ္ဗန်တံခါးဖွင့်စေမည်ဟု ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ယုံကြည်ထားကြသည်ဟု ကိုသက်ဦးယေဘုယျအနေဖြင့် သဘောပေါက်ထားပါသည်။
သို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတိုင်း မိမိ၏ရင်မှဖြစ်သော ရင်နှစ်သည်းချာသားရတနာအား သာသနာ့ဘောင်သွတ်သွင်းခြင်းဖြင့် အပါယ်တံခါးကို ပိတ်စေခဲ့သည်။ နိဗ္ဗာန်တံခါးကို ပွင့်စေခဲ့သည်။ သားရတနာမထွန်းကားသည့် မိဘများကလည်း သူတစ်ပါးသား ပရပတ္တသားရတနာ များကိုသာ သာသနာ့ဘောင်သို့ သွတ်သွင်း နေကြခြင်းဖြစ်ပေသည်။
ထိုသို့ သာသနာ့ဘောင်သွတ်သွင်းရာတွင် မည်သို့မည်ပုံ လှူဒါန်းခြင်းဖြင့် လိုရာခရီးကိုရောက်နိုင်မည်နည်း။ မည်သို့သော အလှူအမျိုးအစားကို “မြတ်သောအလှူ”ဟုခေါ်ဆိုမည်နည်း။ ကိုသက်ဦး ဥာဏ်မမီတမီဖြင့် စဉ်းစားကြည့်သည်။
ခမ်းနားကြီးကျယ်စွာ အလှူကြီးပေးပြီး ကုန်သည်ထက်ပို၍အမြတ်ရလိုက်သော အလှူမျုးကို မြတ်သော အလှူဟု ခေါ်ပါသလား။
ခမ်းခမ်းနားနားဖြင့် စိတ်ပြတ်ကိုယ်ပြတ်လှူဒါန်းပြီး၊ အလှူငွေကို လုံးဝလက်မခံသော အလှူကြီးမျိုးကိုမှ မြတ်သောအလှူဟု ခေါ်ပါသလား။

မရှိဘဲနှင့် ချေးငှား၍လှူသည့် အလှူမျိုးက အပါယ်တံခါးကို ပိတ်စေနိုင်ပါသလား။

သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးသာ တတ်နိုင်သည့် အလှူမျိုးရော နိဗ္ဗာန်တံခါးကို ဖွင့်စေနိုင်ပါသလား။

ချွေးနဲစာလေးတွေကို စုဆောင်းပြီး ပကာသနမစွက်၊ အရိုးကိုအရွက် မဖုံးဘဲ တတ်နိုင်သလောက် ဘုန်ကြီးကျောင်းအပ်ပြီး လှူသည့်အမျိုးအစားကို မြတ်သော အလှူဟု ခေါ်နိုင်ပါသလား။

ကိုသက်ဦး အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်မိသည်။ ကိုယ်၏ ရင်နှစ်သည်းချာ သားလှရတနာများအား ဘယ်ပုံဘယ်နည်းဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်းရကောင်းမည်နည်း။ ကိုသက်ဦးမေးကြည့်ချင်သည်။ မိမိ၏ ချွေးနှဲစာလေးဖြင့် တတ်နိုင်သမျှလှူဒါန်းခြင်းဖြင့် အပါယ်တံခါးကို ပိတ်စေနိုင်မည်ဆိုလျှင်...။နိဗ္ဗာန်တံခါးကို ဖွင့်စေနိုင်မည်ဆိုလျှင်......။ ။

မြတ်သော အလှူ ၅

ဒီတစ်နွေလုံး နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟများ၏ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်ကြသည့် အလှူမျိုးစုံကို လက်မလည်အောင်လိုက်ခဲ့ရသည်။ သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးဖြင့် ကျဉ်းနိုင်သမျှကျဉ်းအောင်လုပ်သွားသည့် ကိုပေါက်စတို့ အလှူမျိုးမှအစ စုပေါင်းပြီးလုပ်ကြသည့် ရှင်တစ်ထောင်အလှူပွဲမျိုးအလယ် မမခင်တို့လို ခမ်းနားကြီးကျယ်သည့် အလှူပွဲကြီးမျိုးအဆုံး ကိုသက်ဦးမရာက်ရောက်အောင် သွားပြီး လူမူ့ရေးတာဝန်များကျေအောင်ထမ်ဆောင်သည်။ အလှူနှင့်ပက်သက်သည့် သတင်းပလင်းလေးတွေ ၊အတင်းအဖျင်းလေးတွေ စုံအောင်လည်း ကြားခဲ့ရသည်။
“အစ်ကို မမခင်တို့အလှူတုန်းက ဘယ်လောက်ကုန်လို့ ဘယ်လိုမြတ်တယ်လို့ထင်သလဲ။ အလှူအတွက် အထွေတွေကုန်ကျစရိတ်က တစ်သိန်းခွဲတဲ့။ ပြန်ပြီးရတဲ့ အလှူငွေက နှစ်သိန်းခွဲတဲ့အစ်ကိုရဲ့။ မမခင်တို့များ အလှူအတန်းကို ပြောစမှတ်ဖြစ်အောင် ခမ်းခမ်းနားနား မျက်နှာပန်းလှလှလဲ လုပ်လိုက်ရသေးတယ်။ ငွေတစ်သိန်းကြီးများတောင် အမြတ်ရလိုက်သေးတာ။ ရမှာပေါ့အစ်ကိုရဲ့။ သူတို့ ဆွေမျိုးကလည်း တောင့်တယ်။ သစ်စက်ပိုင် ကားပိုင်ဆိုတော့ ဘာပြောကောင်းတော့မလဲ။ သစ်စက်နဲ့ ဆက်နွယ်နေတဲ့ ပျဉ်ကုန်သည်၊ သစ်ကုန်သည်တွေကလည်း မကင်းရာမကင်းကြောင်းဆိုတော့ သူထက်ငါ မျက်နှာလို မျက်နှာရ အားရ အလှူငွေကို အပြိုင်အဆိုင်ထည့်ကြတယ်။ ကားဘက်က မိတ်ဆွေအပေါင်းအသင်းတွေကလဲ မနည်းဘူး။ သူများတွေ ငါးရာ၊ တစ်ထောင်ထည့်နေကြတော့ ဒီလောက်ရင်းနှီးနေတာ သုံးရာလောက်မှ မထည့်ပြန်ရင်လည်း မကောင်းပြန်ဘူး။ ချိုတို့မှာ မရှိမဲ့ရှိမဲ့နဲ့ သူများအလှူပွဲအတွက် အကြွေးနှစ်ထောင်တင်လိုက်ရတာပဲ အဖက်တင်သွားတယ်။ ရှေ့လကစပြီး တစ်လနှစ်ရာအဖြတ်ခံရတော့မယ်။ ဟင်းချေးများတဲ့ အစ်ကိုနဲ့တော့ တွေ့ပြီ”
ဇနီးသည်၏ မချိုမချဉ်မျက်နှာဖြင့် ပြောသွားသည့်စကားတွေကို နားဆင်ရင်း ကိုသက်ဦးတစ်ယောက် ထမင်းဝိုင်းတွင် အမြဲတွေ့လာရတော့မည့် မရိုးနိုင်သည့် ဘဲဥကြော်ပန်းကန်ကို မြင်ယောင်လာရသည်။
ရုံးရောက်ပြန်တော့လည်း လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းဝိုင်းဖွဲ့ရင်း သူတစ်ပါး၏အခက်အခဲကို ဟာသလေးတွေနှောပြီး ငိုအားထက်ရယ်အားသန်ခဲ့ကြရသည်။
“ကျွန်တော်တို့ ကိုသိန်မြင့်ကြီးတော့ သနားစရာတောင်ကောင်းနေပြီ၊၊ သူ့အဖြစ်က ဟိုဇာတ်လမ်းလို ဖြစ်နေတယ်။ ဘာတဲ့။ အလှူရေစက်ချပြီးလို့ “အမျှ..အမျှ..အမျှ ယူတော်မူကြပါကုနှ်”လို့ အမျှဝေရမဲ့အစား “အမျှ...အမျှ...အမျှ ကယ်တော်မူကြပါ” လို့ ယောင်ပြီးအော်ရမလိုဖြစ်နေတယ်။ သူများအလှူတွေ မြတ်တယ်ဆိုတာနဲ့ သူ့အလှူကျရင်လဲ မမြတ်ပေမယ့် ရှုံးတော့ မရှုံးနိုင်ဘူးလို့ တွက်ထားပုံရပါတယ်။ ဘေးကလည်း မြှောက်ပေးမယ့်လူက ရှိနေတော့ လုပ်ရဲတာပေါ့။ ကိုယ့်မှာမရှိပေမယ့် ကိုယ့်အလှူလေးကိုတော့ စည်စည်ကားကားဖြစ်ချင်တာကိုး။ အသိဆိုင်တွေကနေလှူဖွယ်ဝတ္တုပစ္စည်းတွေ အကျွေးအမွေးအတွက်လိုတဲ့ ငရုတ်၊ ကြက်သွန်ကအစ ပွဲပြီးငွေချေယူလိုက်တယ်။ ခက်တာက အလှူတို့ မင်္ဂလာတို့ဆိုတာကလဲ ကိုယ်လိုက်ထားတာကလဲ ရှိဦးမှ၊ အသွားအပြန်ဆိုတာ ရှိနေကြတယ် မဟုတ်လား။ ကိုသိန်းမြင့်ကြီးကျ ကိုယ်လိုက်ထားတာကလဲ သိပ်မရှိဘူးဆိုတော့ တွက်ရေးနဲ့ ချက်ရေးက မကိုက်တော့ဘူး။ ဖိတ်ထားသမျှ အကုန်မလာကြဘူး။ ချက်ထားတဲ့ဟင်းတွေက ပို၊ ထည့်ဝင်ကြတဲ့အလှူငွေကလဲ မှန်းထားသလောက်မ၀င် ဒီတော့ သူ့ခမျာ ကယ်တော်မူကြပါဗျို့လို့ မအော်ရုံတစ်မည်ပဲ”
ဟိုတစ်လောဆီက ဇနီးသည် စကားစပ်မိရင်း ပြောဖူးသည့် အထက်တန်းပြ ဆရာ ဆရာမစုံတွဲ၏ ရိုးရိုးရှင်းရှင်းနှင့် အတုယူဖွယ်ကောင်းလှသည့် အလှူဒါနမျိုးအား စိတ်ဝင်တစားဖြစ်မိသည်။
“အစ်ကို သိလား။ ဆရာ ဦးမြင့်လွင်တို့ လင်မယားကတော့ ဘယ်အချိန်ကကြိတ်စုထားကြတယ် မပြောတတ်ဘူး။ လင်မယားနှစ်ယောက်ရဲ့ ကျောင်းလခနဲ့ ကလေးလေးယောက်ရဲ့စရိတ်က တကယ့်ကိုမသေးလှဘူး။ သူတို့မှာ အခြားဘာဝင်ငွေမှလဲ ရှိတာမဟုတ်ဘူး။ ဒါတောင် ငါးသောင်းကုန်အလှူပေးနိုင်တယ်အစ်ကိုရဲ့။ ချိုတို့တော့ ကောင်းကောင်းကြီးကို နမူနာယူရမှာ။ အလှူကို ထွေထွေထူးထူး လုပ်မနေတော့ဘဲ စစ်ကိုင်းတောင်ရိုး သစ္စ၀ါဒီချောင်မှာ တတ်နိုင်သလောက်နဲ့ အကျဉ်းချုံးသွားလုပ်လိုက်ကြတာ။ ရပ်ဆွေရပ်မျိုးတွေထဲက သွားနိုင်လာနိုင်တဲ့ သက်ကြီးရွယ်အို ဆယ်ယောက်ကျော်ကို ရွေးပြီး ခေါ်သွားလိုက်သေးတယ်။ တရားဓမ္မကိုရှာဖွေနေကြတဲ့ တတိယအရွယ်တွေကိုမှ ရွေးပြီး ဘုရားဖူးဒါနပြုသွားတဲ့ ဆရာဦးမြင့်လွင်ရဲ့ စိတ်ကူးလေးကကောင်းလိုက်တာနော်။ ချိုတို့မှာ သားနှစ်ယောက်ကို လှူဖို့တန်းဖို့ဘာတစ်ခုမှ မည်မည်ရရ စုမိဆောင်းမိတာ မရှိသေးဘူး။ အစ်ကို ပေါ့မနေနဲ့အုံး”
သြော်...အလှူ၊ အလှူနှင့် အပြောလွယ်သလောက် တကယ်တမ်းကျတော့ ကိုယ့်အတွက်ကျန်ဖို့ ကိုယ့်အတွက်ပါဖို့ လှူဒါန်းတတ်ဖို့ လိုပါသေးလားဟု ကိုသက်ဦးဆင်ခြင်မိလိုက်သည်။

Friday, August 5, 2011

အမေ ဆိုတာ

ဘုရား တရားသံဃာ၌
မိရိုးဖလာထက်
သက်ဝင်ပိုမို ကြည်ညိုတတ်အောင်
ဆရာကြီး ဦးသုခ ( အဘ ) ၏
အဆုံးအမ သြ၀ါဒနှင့်
စာပေ အနုပညာတို့က
စွမ်းဆောင် ကျေးဇူးပြုခဲ့ပါသည်။

ထို့အတူ
မိဘတို့၏ ဂုဏ်ကျေးဇူးအထူးထူးကို
ညွှတ်နူးနှစ်ကာ လေးနက်လာအောင်
ပြဆောင်ပေးခဲ့ပါသည်။

ထို့ကြောင့်
အနန္တောအနန္တ ငါးဝဂုဏ်အင် ကျေးဇူးရှင်တို့အား
ရည်မှန်းထုံးမွှမ်းလျက်
ဤစာတို့အား စုစည်းပါသည်။

မန္တလေးမြို့ မေနေ့ ဖြစ်မြောက်ရေးအဖွဲ့
ပြာသိုလပြည့်နေ့ ၁၃၆၃

မရိုးနိုင်တဲ့ အကြောင်း
လောကမှာ
ကျွန်မတို့ စာရေးသူတွေက
ရေးချင်သပါ့ဆိုရင်
ဘယ်တော့မှ ရေးမကုန်တဲ့
အကြောင်းအရာတစ်ခုတည်းရှိတယ်ဆိုရင်
အဲ့ဒါဟာ..
“အမေ” အကြောင်းနေမှာပါပဲ။
ဘယ်လိုရေးရေး
ရေးလို့ မရိုးနိုင်တဲ့ စာဟာလည်း
“အမေ့အကြောင်း” စာမျိုးပဲ ဖြစ်မှာပါပဲ။

လူထု အဒေါ်အမာ
နယက- မန္တလေးမြို့
အမေနေ့ဖြစ်မြောက်ရေးအဖွဲ့


သစ်ပင် ပန်းပင်တို့ရဲ့ မျိုးဆက်ပြန့်ပွားမူ့က ဗီဇနိယာမ လောကသဘာဝအတိုင်း ဖြစ်တာမှန်တယ်။ သို့ပေမယ့် ဥတုနိယာမကို အားကိုးပြီး ဖြစ်ချင်ဖြစ် သေချင်သေ (စေတနာ ) မပါ ၊ သူတို့ကိစ္စ သူတို့ဖန်တီးတာသာ ဖြစ်တယ်။ လူတွေ တိရစ္ဆန်တွေကျတော့ သစ်ပင်တို့နဲ့ မတူဘူး။ သွေးသားအာလယမှ စခဲ့ကြတာမှန်သော်လည်း ရင်သွေးတည်ရှိပြီဆိုကတည်းက မပျက်အောင်၊ ကြီးပွားအောင် စောင့်ရှောက်ခဲ့ကြတယ်။
( မင်္ဂလသုတ်)
သားသမီးဆိုတာ ဧည့်သည်တွေပဲ မဟုတ်လားကွယ်။ အမွေးအတောင် မစုံခင်သာ မိဘတို့ရဲ့ ရင်ခွင်မှာ ရပ်နားပြီး အမွေးအတောင်စုံတာနဲ့ တစ်ပြိုင်နက် အသိုက်အမြုံထဲက တစ်ကောင်ပြီး တစ်ကောင် ပျံထွက်သွားကြတဲ့ ငှက်ကလေးတွေနဲ့ မခြားနားကြပါဘူး။ မိဘနှစ်ပါးမှာသာ သူတို့တတွေကို တကယ်တမ်း တတတ လွမ်းလက်စမပြေကြသေးတာ။
( တောင်ဝှေးကမှ ကောင်းသေးသည် - ၀တ္ထုတို )

အလုပ်အကိုင်ကလေးရ၍ ပိုက်ဆံကြေးငွေနည်းနည်းလေး ဆူဖြိုးတော့ အမေ့ကို သတိမရ။ ယောက္ခမကိုသာ မျက်နှာလုပ်ခဲ့ရသည်။ သဒ္ဓါကြည်ဖြူ မြတ်နိုးတော်မူခဲ့သည်။ သို့ပေမယ့် မစားရသည့်ကြားက သူ့သား ချောင်ချောင်လည်လည် ဖြစ်သည်ကို မြင်၍ ပီတိ ဖြစ်နေသူက အမေ။
( အမေမစားရသော ထမင်းတစ်နပ်-ဆောင်းပါ)

အေး...မယူချင်လည်း အပယ်နိုင်သားနဲ့ အသည်းနှလုံးသားကြားကကိုချစ်တော့ တယုတယနဲ့ စောင့်ရှောက်လာကြတာကိုပဲ မေတ္တာလို့ခေါ်ရမယ်။ ကိုယ်က သူ့အပေါ်ထားတာက မေတ္တာ၊ သူက ကိုယ့်မေတ္တာကို ခေါ်ရမှာက ကျေးဇူး၊ တစ်ဦးနဲ့တစ်ဦး ဘယ်နေရာမဆို အပေးအယူညီမျှမှ အညမည။
(စကားပြောသော အသည်းနှလုံးဇာက်ကား )

ဆေးဝါးတွေ ဆရာဝန်တွေ မလိုပါဘူးသားရယ်။ သားနဲ့အတူလိုက်နေရရင် သားမျက်နှာမြင်နေရတာနဲ့ အမေ့ ရောဂါ ပျောက်မယ်ဆိုတာ အမေသိပါတယ်။
( ကြုံရခဲဘိခြင်း -၀တ္ထု)

မိဘတွေက ပညာသင်ကြားပေးခဲ့တာက သားသမီးများက ပြန်လည်ကျွေးမွေးဖို့ အဓိကစေတနာမဟုတ်ရှာကြပါဘူး။ သာသမီးများရဲ့ တစ်သက်တာ ရှေ့ရေးကို မျှော်တွေးပြီး အရင်းအနှီး ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မိဘကို ပြန်ကျွေးတဲ့ သားသမီးဆိုတာ တစ်ရာမှ တစ်ယောက်လောက်ကို သန်းရှာသလို ရှာကြည့်ရမှာကို အစကတည်းက သိကြပြီးပါ။ မိမိသားကလေး သူ့သားမယားကို ရှာကျွေးတဲ့ အခါမှာ သက်သက်သာသာ မပင်မပန်း ရှာကျွေးနိုင်ပါစေဆိုတဲ့ စေတနာက အဓိက ဖြစ်ပါတယ်။
(မင်္ဂလသုတ်)

ကျွန်တော် လောက၀ဲဂယက်ထဲ ချာချာလည်နေစဉ်အတွင်း အထင်မသေးသူက တကယ်တမ်းစစ်လိုက်တော့ မိခင်တစ်ယောက်သာဖြစ်တယ်။
(ကြုံရခဲဘိခြင်း- ၀တ္ထုတို)

ကိုယ့်သားက ဆိုးသောကြောင့် သူတစ်ထူးကို စော်ကားမော်ကား၊ လက်လွန်ခြေလွန်ပြုခဲ့မှာလည်း စိုးရသည်နှင့်အမျှ၊ ကိုယ့်သားကဆိုသောကြောင့် သူတစ်ပါးက လက်လွန်ခြေလွန်လုပ်သည်ကို ခံလာရမှာလည်း စိုးရသေးသည်။
(သဗ္ဗေ သတ္တာ - ၀တ္ထု)

ထာဝရ ဘုရားသခင်သည် သူကိုယ်တိုင် နေရာအနှံ့အပြားရှိနေနိုင်သည် မဟုတ်ရကား သူ၏ကိုယ်စား မိခင်များကို ဖန်တီးထားလေသည်။
(ဂျူး စကားပုံ)

Thursday, August 4, 2011

မြတ်သော အလှူ ၎

“အလျှူအကြောင်းလေးလဲ ဆွေးနွေကြစို့ ကိုသက်ဦးရ။ ကိုယ့်သားတွေကို တော့ သင်္ကန်းတောင်းရအောင် ရန်ကုန်မှာ ကတည်းက ဆရာတော်ဘုရားဆီမှာအပ်ပြီး ကျက်ခိုင်းထားတယ်။ သာသနာ့ဘောင်ကို သွတ်သွင်းခံရမဲ့ သာမဏေလောင်းလျာကိုယ်တိုင်က သင်္ကန်းတောင်းလေးကိုတော့ အလွတ်ရထားသင့်တယ်လို့ ကိုယ်ထင်တယ်။ အခုဖြစ်နေတာတွေက လွယ်လွယ်ဘုန်းကြီးချင်ပေးတာကို နောက်လိုက်ဆိုပြီး တောင်းတာမျိုးက သိပ်သဘာဝ မကျချင်ဘူး။ ကိုယ်ကိုယ်တိုင်က ဒုလ္လဘရန်းခံဦးမယ်ဆိုတော့ အစစအရာရာ အကုန်နောက်လှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဗွီဒီယိုအတွက် ကိုသက်ဦး တာဝန်ယူပေးပါ။ ရိုက်သင့်ရိုက်ထိုက်တဲ့ အခန်းစဉ်လေးတွေ ကိုသက်ဦး နားလည်ပြီးသားပါ။”

အလှူနေ့မတိုင်မှီ အလျင်ရက်တွေကတည်းက ဗွီဒီယိုကို စရိုက်ဖြစ်သည်။ ဇာတ်လမ်းအဖွင့်ကို ကိုယ်မြို့နယ်၏ တန်ခိုးကြီးဘုရား ဖြစ်သည့် သေလာပဗ္ဗတ သံခမောက်တောင်နှင့် ဖွင့်လိုက်သည်။ မြို့ကို ၀ိုင်းရံထားသည့် တောင်တန်းပြာပြာများ မြို့ပေါ်ရှိတန်ခိုးကြီးဘုရားများ၊ ဆင်းတုတော်များ နှင့် ဘုန်းတော်ကြီးကျောင်းများ၊ ပညာသင်ကြားခဲ့ရသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ။

ပရိသက်များ နားနေရန် ဘိသိတ်ဖြင့် ဧည့်ခံရန်ဆောက်လုပ်ထပ်ဆင်ထားသည့် ပန်းချီ မဏ္ဍပ်ကြီးက မြန်မာတို့၏ ရိုးရာ အနုပညာတစ်ပိုင်းတစ်စကို ရင်သပ်ရူ့မော ဖြစ်သွားနိုင်လောက်အောင် ခံ့ညားထည်ဝါလှပါတော့သည်။

အလှူနေ့တွင်ကိုင်ရန် မုလေးပွား လုပ်ပုံအဆင့်ဆင့် အလှူရှင် အိမ်သို့ မောင်ရှင်လောင်းများစီးရန် ထမ်းစင်ကို ကာလသားများစုပေါင်းသယ်နေကြပုံ၊ မဏ္ဍပ်များတွင် စိုက်ထူထားရန်ကြံပင်၊ ငှက်ပျောပင်များ ခုတ်ယူနေကြပုံ အလှူနှင့် ဆက်နွှယ်နေသမျှ မလစ်ဟင်းစေရန် မှတ်တမ်းတင်လိုက်ကြသည်။

အလှူနေ့သို့ရောက်လာခဲ့ပြီ။ အဆက်မပြတ် တီးနေသည့် ဗြောစည်သံကို ကြားလိုက်ရသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း မကြည်နူးဘဲ မနေနိုင်အောင် ရှိလှပါတော့သည်။

ဂုဏ်သရေရှိ လူကြီးလူကောင်းများ၏ မုလေးပွားကိုင် လူတန်းကြီးက တစ်မျှော်တစ်ခေါ်၊ ရှင်သာမဏေများ အတွက် ရှင်ဆောင်ပစ္စည်းများ၊ သမီးငယ်လေးများ၏ ပရိတ်အိုး၊ ကွမ်းတောင်ပန်းတောင်ကိုင် အမျိုးသမီး များ၏ ယဉ်ကျေးသိမ်မွေ့သောအလှ၊ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမတို့၏ မျက်နှာတွင် ပီတိပြုံး၊ အပြုံးများဖြင့် လွှမ်းခြုံနေတော့သည်။ ထောင်ကျော်တန် ပိုးယော၊ မောင့်ကျက်သရေခေါင်းပေါင်း၊ အရောင်အသွေးစုံလှသည့် လွန်းနှစ်ရာချိတ်၊ စုချထားသည့် ပ၀ါစများ၊ နန်းဆန်လှသည့် ဆံထုံးအလှ မြန်မာတို့၏ တွင်းထွက် ကျောက်မျက်ရတနာ မျိုးစုံတို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ ဤမြင်ကွင်းများကို အကဲခက်လိုက်ရုံဖြင့် မြန်မာလူမျိုးတို့၏ အဆင့်အတန်း ၊ကိုယ်ပိုင် ယဉ်ကျေးမူ့တို့ကို မှန်းဆ၍ရနိုင်ပါသည်။ မြန်မာတို့၏ ရိုးရာဝတ်စုံကား မြန်မာ့မျက်စိဖြင့်ကြည့်၍မ၀နိုင်အောင်ရှိနေတတ်ပြီး နိုင်ငံခြားသားများအတွက်မူ အမြင်ဆန်းပြီး ကျေနပ်နှစ်သက်ဖွယ် ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။

ပင့်သံဃာများအတွက် သင်္ကန်းပရိက္ခရာဝတ္ထုများ သီးထားသည့်ပဒေသာပင်၊ လှည်းယဉ်ကြော့ပေါ်မှ စည်းပုံဆောင်း သမီးငယ်တို့၏အလှ ရိုးရာဦးရွှေရိုးအက၊ ခမ်းနာ၍ အတွေ့ရနည်းသည့် ရှေ့ဝင်း၊ နောက်ဝင်း၊ မြို့ရွာဒေသအလိုက်၊ အလှူပွဲအခမ်းအနားတွေက တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ မတူကွဲပြားပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဘိသိက်ဆရာ ဇေယျာဗိုလ်၏ မိဘဆရာ ကန်တော့ခန်းက မြိုင်ဆိုင်လှသည်။ ထမင်းရည်ချောင်းစီး ကျွေးမွေးလှူဒါန်းကြသည့် မြန်မာတို့၏ ရက်ရက်ရောရော အလှူဒါနက ပြိုင်စံရှားသည့်ဟုပင် ဆိုရပေမည်။

ဒေါက်တာသန့်ဇင်တို့ အလှူကား အလှူငွေ လုံးဝလက်မခံပေ။ ဓမ္မာရုံဘုရားရှေ့တွင်ချထားသည့် ငွေဖလားသုံးလုံးတွင် ဘုန်းကြီးလှူရန်အတွက် လာသမျှ ပရိတ်သက်တို့ ထည့်ဝင်လှူဒါန်းငွေက အပြည့်အလျှံ။

ကြည်နူးဖွယ်အကောင်းဆုံးမြင်ကွင်းကား ဆံချခန်း၊ သင်္ကန်းတောင်းခန်းနှင့် သင်္ကန်းစည်းခန်းတို့ ဖြစ်ပါတော့သည်။

ရှင်ပြုမင်္ဂလာ၏ ဇာတ်သိမ်းခန်းအာ ကိုရင်လေးများ၏ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွမ်းခံပုံ၊ အသံနေအသံထားနှင့် ဘုရားဝတ်တတ်နေပုံဖြင့် ဇာတ်သိမ်းထားပါသည်။ ကိုရင်ဝတ်နေသည့်သီတင်းတစ်ပက်အတွင်း ဗုဒ္ဓဘာသာဝင်ကလေးလူငယ်လေးများ၏ နှလုံးသည်းပွတ်တွင် ဗုဒ္ဓဘုရားရှင်၏အဆုံးအမတရားတော်များ တတ်နိုင်သမျှ စွဲစွဲမြဲမြဲ ကိန်းဝပ်တည်ရှိစေရန်ဆိုသည့် ရည်ရွယ်ချက်လေးကို အပေါ်လွင်ဆုံးဖြစ်အောင် ရိုက်ကူးထားလိုက်နိုင်သည်။

ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ခိုင်မြဲရေးအတွက်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမူ့ အမွေအနှစ်တစ်ခုဖြစ်သည့် ရှင်ပြုနာသ အလှူတော်မင်္ဂလာသည် အရေးကြီးလှသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေကြောင်းထင်ရှားပါတော့သည်။

ဒေါက်တာသန့်ဇင်၏ ရှင်ပြုနားသ အလှူတော်မင်္ဂလာ ဗွီဒီယိုခွေအား အစမှ အဆုံးထိ သူ့နေရာနှင့်သူ သင့်လျော်သော ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံစဉ်တီးလုံးများကို နောက်ခံ အဖြစ် ထည့်သွင်းထားသည်။ အဆိုတော် မာမာအေး၏ ရောင်တော်ဘွဲ့၊ တင်တင်မြ၏ မဟာဗုဒ္ဓ၀င်၊ အလှူတော်မင်္ဂလာ၊ ရီရီသန့်၏ ရွှေပြည်ကြီး တေးသီချင်းများအား သက်ဆိုင်ရာ ပြကွက်များနှင့်ကိုက်ညီအောင် ထည့်သွင်းထားသဖြင့် ပို၍ကြည်နူးနှစ်သက်ဖွယ် ကောင်းနေပါတော့သည်။

ဤဗွီဒီယိုခွေကို ကြည့်လိုက်ရသည့် အဝေးရောက်မြန်မာများကိုယ့်မိခင်တိုင်ပြည်နှင့် ကိုယ့်လူမျိုးတို့ကို ချစ်တတ်လာပြီး တိုင်းပြည်နှင့် လူမျိုးတို့၏ ကောင်းကျိုးကို တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ချင်သည့်စိတ် ကိန်းအောင်းလာပါစေ။

ဤမြန်မာအလှူတော်မင်္ဂလာခွေကို ကြည့်ရသည့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့သည် မြန်မာယဉ်ကျေးမူ၏ အတိမ်အနက်ကို တစ်ထိုင်တည်းလေ့လာနိုင်ပြီး မြန်မာလူမျိုးဆိုသည်မှာ ကိုယ့်ဘာသာ ကိုယ့်သာနာ ကိုယ့်ယဉ်ကျေးမူ့ ဖြင့် တစ်သီးတစ်ခြားဖြင့် အစဉ်အလာကြီးမားခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သိခွင့်ရနိုင်ပါစေဟု ကိုသက်ဦး တစ်ယောက်ဆုတောင်းလိုက်ပါတော့သည်။

Wednesday, August 3, 2011

မြတ်သောအလှူ ၃

စားပွဲရှည်ကြီးပေါ်တွင် တန်းစီချထားသည့် သင်္ကန်းပရိက္ခရာများ၊ ငွေဖလားကြီးထဲတွင် ထိုးစိုးက်ထားသည့် ငွေပန်းခိုင်များ၊ လျူဖွယ်ပစ္စည်း အစုစုကို ကြည်နူးသည့် အကြည့်ဖြင့် ကြည့်နေရင်းက
“ဟုတ်တယ် ကိုသက်ဦး၊ ကိုသက်ဦးပြောလာလို့ စကာစပ်မိတုန်း နည်းနည်းလောက်ပြောချင်သေးတယ်၊ ဘာလဲဆိုတော့ နိုင်ငံပေါင်းစုံ မှာ ရောက်နေတဲ့ မြန်မာ လူမျိုးအချို့ကအကြောင်းပဲ။ နိုင်ငံတော်က သင်ကြားပေးလိုက်လို့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်လာကြပြီဆိုရင် ကိုယ်တတ်ထားတဲ့ပညာတွေဟာ ဒီလိုဖွံဖြိုးဆဲ နိုင်ငံတွေနဲ့ မထိုက်တန်ဘူးလို့ ယူဆထားပုံရကြပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ နေရင် ကိုယ့်ဘ၀ဟာ ဘယ်လိုမှ မတိုးတတ်နိုင်ဘူး၊ မကြီးပွားနိုင်ဘူးလို့ ထင်နေကြတာ။ တိုင်းကြီးပြည်ကြီးတွေမှာသွားပြီး၊ အခြေချလိုက်ပါမှ ကိုယ့်ဘ၀ဟာလဲ ပိုပြီး အရောင်တောက်လာမယ်၊ သာစဉ်မြေးဆက် အတွက်လဲ စိတ်အေးရမယ်လို့ ယုံကြည်နေကြပုံရပါတယ်။ ဒီလိုနဲ့ ပညာသင်စရိတ် လျော်ကြေးလေးတွေ ပေးပြီး ကိုယ့်မိခင် တိုင်းပြည်ကို ခြေနဲ့ စုံကန်ပြီး ထွက်သွားကြတာ ဘယ်နည်းတော့လို့လဲ ကိုသက်ဦးရဲ့။ ၀မ်းနည်းစရာလည်းကောင်းပါတယ်။

မျက်စိအထူးကု ဆရာဝန်ကြီးလည်း ဖြစ်နေပြီဆိုတော့ ရာထူးမာန၊ ပညာမာနတို့ကို အနည်းနှင့်အများငယ်ပေါင်းသူငယ်ချင်းထံ၌ တွေ့ရလိမ့်မည်ဟု ကိုသက်ဦး မျှော်လင့်ပြီးဖြစ်သည်။ သို့သော်အထင်နှင့်အမြင် လွဲနေရသည်။ ငယ်စဉ်အလယ်တန်းဆင့် ၊ အထက်တန်းဆင့် က ရင်းရင်းနှီးနှီးပေါင်းသင်းလာသည့် ကိုသန့်ဇင်နှင့်မည်သို့မျှ မထူးခြား။ နိုင်ငံခြားတိုင်းပြည်များ၌ အခြားရနံ့များ မရောယှက်ဘဲ မြန်မာ့ရနံ့ သန့်သန့်လေး ထုံသင်းနေသည်ကို တွေ့လိုက်ရသည်။

“အဝေးရောက် မြန်မာတွေရဲ့ ငါးပိအလွမ်း၊ မုန့်ဟင်းခါးအလွမ်း၊ ရွှေတိဂုံအလွမ်းတွေကို စာတွေထဲမှာတော့ ဖက်ဖူးပါတယ် ကိုသန့်ဇင်၊ တိုင်းကြီးပြည်ကြီးမှာနေ၊ တိုင်းကြီးပြည်ကြီးရေသောက်ပြီး ကြီးပွားတိုးတတ်နေကြပေမဲ့ မြန်မာ့ အစားအစာ၊ မြန်မာ့ဓလေ့စရိုက်၊ မြန်မာ့ယဉ်ကျေးမူ့ကိုတော့ အမြဲတမ်းတအောက်မေ့နေပါတယ်လို့ပြောနေကြတာဟာ သက်သက်မင်္ဂလာယူပြီးပြောနေကြတာများလားလို့တောင် တစ်ခါတစ်ခါ ထင်လိုက်မိသေးတယ်။ အခြားနိုင်ငံသားအဖြစ်ခံယူ၊ အခြားနိုင်ငံရဲ့ဘာသာကို အပြီးအပိုင်ကူးပြောင်း၊ အခြားနိုင်ငံရဲ့အကျိုးကို ထမ်းရွက်နေမှတော့ ကိုယ့်ရဲ့မိခင်တိုင်းပြည်ကို အလွမ်းတွေဘာတွေ သယ်မနေပါနဲ့တော့လို့တောင် ပြောလိုက်ချင်ပြီ ကိုသန့်ဇင်ရေ။ လူမျိုးကိုချစ်တဲ့ စိတ်လေးရှိရင် ဒီလိုဘယ်လုပ်ကြမလဲ၊ အခုဟာကိုယ့်ကိုယ်ကို ပိုချစ်ပြီး ကိုယ်ကောင်စားရေးအတွက်ပဲ စဉ်းစားနေကြတာဆိုတော့…”

လက်ဖက်အုပ်ထဲမှ လက်ဖက်သုပ်ကို မြိန်ရည်ယှက်ရည်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်ရင်းက….

“ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်ရောက်တော့ ကိုယ်သဘောကျတဲ့ အမျိုးသားဆောင်ပုဒ်တစ်ခုကို သွားတွေ့လိုက်တယ်ကိုသက်ဦးရဲ့၊ ဘာလဲဆိုတော့ အမိမြန်မာနိုင်ငံကို ချစ်မြတ်နိုးပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ စည်းကမ်းရှိမှ တိုးတတ်မည်တဲ့ အခုကိုယ်တို့ပြောနေတဲ့အကြောင်းအရာတွေဟာ အဲဒီဆောင်ပုဒ်နဲ့ တိုက်ရိုက်အကျုံးဝင်နေတာတွေ့ရတယ်။ ဘာပညာမှ မတတ်တဲ့ ဆန်ကုန်မြေလေး ဖိုးသမားတစ်ယောက်၊ ဒါမှမဟုတ် တောခေါင်ခေါင်မှာနေတဲ့ မြန်မာလူမျိုးတစ်ယောက်က နိုင်ငံခြားထွက်မယ်လိုက ကိုသက်ဦးပြောသံကြားဖူးသလား။ ပညာတတ်တွေပဲ ထွက်သွားတာကိုတွေ့နေရတယ်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည် အနှံ့မှာရောက်နေတဲ့ ပညာတတ်မြန်မာလူမျိုးတွေရဲ့ အင်းအားဟာ မနည်းတော့ဘူး ကိုသက်ဦးရဲ့။ အဲဒီအင်အားတွေဟာ အမိမြန်မာပြည်ရဲ့ အင်အားတွေ ဖြစ်လာနိုင်ပါအုံးမလား၊ မဖြစ်လာနိုင်တော့ဘူး။ ကိုယ့်ကို အမေရိကန်မှာ ရှိတဲ့ မိတ်ဆွေတွေက သူတို့လို လာပြီး အခြေချဖို့ အကြိမ်ကြိမ်ခေါ်ကြတယ်။ ကိုယ်ကတော့ ခပ်ပြုံပြုံးလေးပဲခေါင်းခါပြလိုက်တယ်။ ကိုယ်တတ်ထားတဲ့ပညာရပ်တွေနဲ့ မြန်မာလူမျိုးတွေရဲ့ မျက်စိအမြင်ကို ပိုပြီး ကျယ်လာအောင် တတ်နိုင်သလောက် စွမ်းဆောင်ရဦးမယ်လို့ စိတ်ထဲကနေပြီးပြောလိုက်တယ်ကွာ”

“ဂုဏ်ယူပါတယ် ကိုသန့်ဇင်ရာ….ကိုသန့်ဇင်တို့လို ပညာတတ်တွေ က ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမှ အဘက် ဘက်က တိုးတတ်ဖို့ အရှိန်ယူနေတဲ့ တိုင်းပြည်အတွက်လဲ တစ်အားပါပဲ။”

မီးဖိုဆောင် နောက်ဘက်ဆီမှ ဆနွမ်းမကင်း ကျောက်ကျောထိုးနေသည့် အဖွဲ့သားတွေ အုန်းအုန်းကျွတ်ကျွတ် အသံတွေကြားနေရသည်။ အခန်းထောင့်တစ်နေရာတွင် စီထပ်ထားသည့် အလျူပွဲလာ ပရိသက်များကမ်းရန် ယွန်းဗျပ်များက အထပ်လိုက်။