“ဘေဒါရီ သက်လျာကတုံးတို့ကိုလ ဝေသာလီပျက်ရှာတဲ့ ထုံးတွေနှင့် မနက်အခါတုံးဆီကဟောခဲ့ပြီ။ ပုဂံလစ်စဉ်က ရန်အဖြစ်တွင်ဖြင့် ကျန်ရစ်ငရမန်ပမာသို့၊ မြန်ခေတ်ကံကြမ္မာထင့် မာန်ပါပါ သတင်းစာတွေကလဲ ဆဲကြတဲ့ပြင် နှစ်တန်နှစ်ဖြာ အသင်းတကာမှ အချင်းချင်း မြန်မာတွေကွဲချိန်မို့၊ အားနည်းကာ ငွေဝင်မလွယ်ကြတဲ့ နေရှင်နယ် ကျောင်းတွေခက်ပြန်တော့ တစ်ရက်တစ်နာရီမှ မသာမကြည် အနိဠာဂရုံသဘောတွေနှင့် အညာဆီ စိတ်မှာ အကုန်စောမိပါတော့၊ ဟောမရ ပြောမရ ဒေါမနတွေကြောင့် သောကယှဉ်မှီ။”
“အညာတစ်ခွင်တောင်စကိုင်းဆီက ။မောင်မှိုင်းမသေမီပါ့ ရွှေပြည်သူမြန်မာ ရဟန်းရှင်လူ အများတို့မှာလ မြေဒီဇမ္ဗူ ကမ္ဘာမှာလေ အတန်းအသွင်တူ ကြွားပုံကိုဖြင့် မျက်ဝါးထင်ထင် မြင်ခဲ့သေးချင်တဲ့ပြင်၊ ဘေးမခု တရန်ပြိုရအောင် နော်ကွယ်…အေးဆုပန်ဆို။”
“ကိုယ့်အမျိုးဘာသာမှာ ထမင်မီးရောင် စွဲစွဲပြီး၊ ဘ၀င်သည်းခေါင် ကွဲရစ်အောင်ပေါ့၊ ဗြဟ္မစိုရ်မိုးအရွာမှာ ၊ ခိုကိုးရာပင်ထီးပင်ညောင် လဲသလိုပေါ့၊ သွင်နည်းဆောင် တနဲသာပါ့ မကောင်းသည့် ကြမ္မာတွေ ဒေါင်းမိမြန်မာပြေမှာလ ဗျပါအခြေနွမ်း အပေါင်းတပည့် တကာတွေမှာဖြင့် ကြာလေကြာလေပန်း။”
“စိတ်ငယ်ဘွယ် အမှောင် ဆိုင်းပြန်တော့သပိတ်လွယ်တောင်စကိုင်းဆီက မောင်မှိုင်းဖြင့် ပူတော်မူ”
“သြော်..တပည့်အရင်းတွေမို့ က၀ိမတင်နိုင်ဘူးကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု သောကဘလောင်ဆူတော့။”
“အစွမ်းကုန် သည်တစ်ခါဖြင့် ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့၊ သုသာန်တံခွန် စောင်းရရှာတဲ့ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့် အလွန် ကောင်းစွာ ကမ္ဘာတည်မည့် “အာဇာနည်ဗိမာန်” ပုထိုးကိုဖြင့် ပါရမီ အဓိဋ္ဌန်တစ်မျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဖို့ တဗျူဟာ အောင်မခန်းတွင်မှ လူမသမာအမှောင်သန်းချိန်မို့၊ သောင်းကမ်း မို့မို့ဆီက၊ ဖောင်နန်းကုတို့နှင့် အကြောဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော်..တောင်နန်းမြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့ အခေါင်မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံ နှမြော။”
“ကမ္ဘာ့ရေမြေ ခေတ်အပြည်ပြည် ဖျက်ပေမယ့် မြန်မာတွေ စစ်ချီထွက်ပြီမို့ ဖြစ်မည်အတွက်ကိုတဲ့ အပြုံးသာဆရာမြင်၊ ကြုံးဝါး ဘာမထင်ပါတဲ့ အရင်သမ္ဘာအစွမ်း၊ အလုံးအပြား ကမ္ဘာတစ်ခွင်မှာ ဖြင့် အကြင်မြန်မတ၀န်း။”
“ဘဂ၀ါ ဘုရာစက်ပျံ နိဗ္ဗာန် ကောင်းကင်စခန်းပေပေါ့၊ ပါဒနက်သန် ဗိမာန်ကျောင်းသင်္ခမ်းတွင်မှ ၊ ခအောင်းကညင် သဖန်းငဲ့ပြင် ထနောင်းပင် တနန်းရယ်တဲ့ ဝနာကမ္ဘာယံအငူ၊ အပေါင်းဘ၀င်ချမ်းစေဖို့၊ အကောင်း ထမင်မှန်းမှန်းပြီး၊ ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံထူ။ ။ ပြေအမူပေမို့ ၊ ငွေခရုရယ်နှင့် ၊ ဇေယျတုပါကွဲ့၊ သပြေနုချိန် တင်ရန်ပန်းတွေကလဲ များလိုက်ပါဘိသနဲ့။ ။ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့် အားမြောက်ဖွယ် ကြံလွယ်ဖန်လွယ်နှင့်၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကို ပြန်လွယ်ကြောင်းတွေနှင့် ဆုတောင်းကာ ကတ္တနာ ဆင်တဲ့ပြင်၊ ဆရာ အရှင်မင်းရို့ကိုရင်မှိုင်းမှာဖြင့် လယ်ကိုင်းသူ အရွယ်သင့်တွေနဲ့၊ မယ့်မြင့်ခေါ် ကေသာဝတီရဲ့ပြင်၊ ခေမာထေရီ မေရီကြော့ ကြော့ရွှန်းတို့နှင့် မဟာအလုံ အညာမုံရွာ တဝှန်းငဲ့ပြင် ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက လွမ်းရက် မမေ့သူတွေမှာနော်ကွယ်… ဆွမ်းသက်စေ့လှူ။”
“မြန်မာပြည် ပျက်ခါနီးတွင်မှ မကြာမရှည်ဆက်မှာ အပြီးသာပါ့၊ စက်ရတနာမီးရယ်တဲ့၊ ဘုန်တော်ဖြာ။ ။သတင်းကောင်းလိုက်ပါဘိသနှင့်၊ အသင်းအပေါင်းတွေနဲ့၊ မင်းလောင်း အောင်ဇေယာတဲ့နှော၊ တောင်မြေကမ္ဘာမှာ ပြောင်ဝေသမ္ဘာလျှမ်းပေသမို့၊ နောင်အရှည်အကြာ မောင်ရွှေမြန်မာတို့ လွမ်းလောက်ပေရဲ့၊ ရွှေဗဟိုရ်ရွှေဘိုက ရွမ်းချိန်မို့၊ ထွန်းသိုက်သြဘာ။”
“မကုဋဝရာဇီ သီဟာရတနာ ပလ္လင့်တွင်မှ ၊ ပဒုမ သီတလာ တညီလာသမ္ဘာတင့်စဉ်က ဘသူ့ကမှ မထီသကွာ၊ ပြည်တကာ ပဏ္ဏာဖွင့်ရပါသတဲ့၊ အခါနှင့် အခွင့် မြန်မာတွေလဲ ဝင့်ခဲ့ပေသပေါ့၊ တရာမင့်ရိပ်ထီး သဘင်ညာ ဟိတ်ကြီးအထင် ကရာရယ်နှင့် အစဉ်အလာသမိုင်း၊ စိတ်ကြီးဝင်စရာပါ့ ယခင်မြန်မာ့တိုင်း”
“သတင်းလှစွာ ၊ ယင်းမှ တဖြာပါ့ ၊ မင်းကျစွာ မဟာဘုရင်မတော့၊ မြန်မာတစ်ခွင်မှာ အမြတ်ထားနေကြ၊ သဒ္ဒါအမြင် ပရက်မက်တရားကိုလ၊ မှတ်သားရန် အချိန်လုတဲပြင်၊ တတ်အားမသန် တသန်၊ အရှိန်နုတွေဖို့၊ ဗိန္ဓုခေါ် စာနှစ်ကျမ်းကိုလ၊ ကြိုးပမ်းကာ ကိုယ်တော်ရေးခဲ့တဲ့ပြင်၊ ရင်သွေးတော်ပင်တိုင်တမိပေပေါ့၊ ရုဇာဒေဝီလိုဟာ ယခုမြန်မာရွှေပြည်မှာဖြင့် မရှိပြီဘု၊ ဇာတိအပင် အခြေပျောက်ပြန်တဲ့ဘဝပေမို့၊ သာကီ့ဝင်တွေ မောက်ဟန်လဲ မပြချင်ဘု၊ နောက်ယမန် သမယဆီက၊ အထောက်မတန်လှခဲ့တဲ့၊ မြန်မာပလ္လင်ပျံကွန်းပေမို့၊ ပေါက္ကန်ကျကာမှ ဆရာ့မှာ အင်မတန်လွမ်း။”
No comments:
Post a Comment