လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟု စာဆို ရှိခဲ့သည်။ ရ ဓ လ ၀ ဗုဒ္ဓဟူး ၄ စသည်ဖြင့်ရေတွက်ရာ ပုဂံ၌ ဘုရားပေါင်း ၄၄၄ ၆၇ ၃၃ ရှိခဲ့သည်။ ဆင်အင်း ၌ လည်း “ခြုံနွယ် ပိတ်ပေါင်း ဘုရားပေါင်း” ဟူ၍ ရှိသည်။ ၁၇၅၅ ဆူ ရှိသည်။ သို့သော် ရှေးလူကြီးများကတော့ ထိုမျှလောက်မရှိခဲ့ ဟူဆိုသည်။ ခြုံနွယ်ပိတ် ထိသာ လက်ခံထားကြလေသည်။ ပေါင်း မှာ စကားချောအောင်ထည့်သည်ဟု ပြောသူက ပြောကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဆင်အင်း၌ ရှေးဟောင်းဘုရားများ ရှိခဲ့သည်။ စောင့်ရှောက်ရမည်းကို မသိ ၍လည်းကောင်း ၊ တန်ဘိုးကို နားမလည်း၍လည်းကောင်း ၊ ဆင်အင်းရှိ ဘုရားများ အခိုးခံ ရသည်ကို ပြန်တွေးမိလျှင် ရင်နာမိသေးသည်။
ဘေးပက်ဝန်းကျင် ရွာများမှာ ဆင်အင်းကျောင်းကို အဓီက ထားပြီးကျောင်းတတ်ကြရသည်။ ခုတော့ ဘေးရွာပတ်လည်တွင်လည်း မူလတန်းကျောင်းများပင် ရှိနေပြီဖြစ်သည်။ မြင်းစီး ကျောင်းသူလေး ရေးသော ဆုရ စာစီစာကုံး တပုဒ် ဆင်အင်း ကျောင်း ၌ ခေတ်စား ခဲ့ဘူးသည်။ “ ပုဂံ မဟုတ်သော ပုဂံ ” ဆိုပြီး ထို မြင်းစီး ကျောင်းသူမလေး က ရေးခဲ့သည်။ ( ရလျှင် ထို စားစီစာကုံးကို တင်ပါအုံးမည်။) တကယ်ပင်...ဆင်အင်းမှ ကျောင်းသားကျောင်းသူများ မရေးခဲ့ မတွေးခဲ့ မမြင်ခဲ့သော အမြင်ကို မြင်းစီးသူမလေးက လှလှပပ ပင် ရေးဖွဲ့သွားသည်။
ဆင်အင်း မရောက်ခင် ကန္တာရ တခုလို သဲမြေကို ဖြတ်ကျော်ရပေမည်။ ဘုရင်မင်းခေါင်တည်ခဲ့သော ဘုရားတစ်ဆူ သည် ထို နေရာ၌ တည်ရှိသည်။ မြို့လှ ရွာဘေး တွင် တည်ရှိသည်။ မြို့လှ ဘုရား ဟု ထိုနီးတစ်ဝိုက်မှ လူများ အသိများသည်။ ထိုရွာဘေးတွင်ရာဇ၀င် တွင်ရစ်သော ရွာလည်းရှိသေး၏ ။ နှမစစ် ဟု ခေါ်သော ရွာဖြစ်သည်။ ရွာနာမည် အရင်းမှာ နှမ စားရစ် ဟူ၏။ ဘုရင် မှ သူ၏နှမတော်အား နန်းတော်သို့ ပြန်ခေါ်ရာ နှမ ဖြစ်သူက မလိုက်သောကြောင့် ဘုရင်က ထိုရွာအား နှမအား စားရစ်လေ ဟု မိန့်တော်မူရာမှ ဆင်းသက်လာသည်ဟု ကြားမိသည်။
မြို့လှ ဘုရားကိုကျော်လာလျှင် ဘုရင်မင်းခေါင် တို့တည်ထားခဲ့သော ဆည်တော်ရိုးမြေတောင်စွယ်ကြီး တခုရှိသည်။ ယခုတော့ ကားလမ်းဖောက်ထားသဖြင့် တောင်ဂမု သဏ္ဍန်သာ ရှိပေတော့သည်။
No comments:
Post a Comment