Monday, December 13, 2010

ဆင်အင်း အကြောင်း တစေ့တစောင်း ၂


ရွာ မှ အထွက် တွင် ဖြစ်သည်။

ရွာဦးကို ရောက်သည်နှင့် အမောပြေ နားစရာ ဇရပ်ကတုန်းများ ၄ ခု ရှိသည်။ ထိုဇရပ်များမှာ ၀ါတွင်းတွင် ဥပုသ်စောင့်တည်သော ဥပုသ်သည်များအတွက်လည်း ဖြစ်သည်။ နောက် သောက်စရာ ရေ ဘုံဘိုင် တခုလည်း တည်ထားသေးသည်။ ကုက္ကိုပင်ရိပ်များ ၊ ညောင်ပင်အရိပ်များဖြင့် အေးချမ်းသော ရွာဦးထိပ်တွင် ပုဂံထက်ရှေးပိုကျသော စေတီ ပုထိုးများတချို့ကို တွေ့နိုင်သည်။ ထိုစေတီပုထိုးများမှာ ပြန်လည် တူးဖော်တွေ့ရှိသည်မှာ မကြာသေးပေး။ ရှင်စောပု ဘုရားပွဲကို လည်း နှစ်စဉ် နှစ်တိုင်း ကျင်းပကြသည်။ ပွဲတော်များကို လစဉ်အလိုက် ကျင်းပလေ့ရှိသည်။ စာဆိုများကို မေ့နေသည်။ update ပြန်လုပ်မည်။း)
"ဥသြအော်မြည် ကုန်းဘောင်တည်" ဆိုသော စကားအရ ရွှေဘိုသည် ၁၁၁၅ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ကျွန်တော်ရွာကလေးသည် ရွှေဘိုထက် ပို၍ အသက်ကြီးသည်။ " ဆင်အင်းတည်မှန် မင်းညို စံ " ဟုဆိုခဲ့သည်။ ဆင်အင်းရွာ ကို ၅၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အနော်ရထာမင်းလက်ထက် အရှင်အရဟံ၏တပည့် တော် တပါး လာရောက် သီတင်းသုံးခဲ့သည်။ ထိုဆရာတော်၏ လမ်းညွန်မူ့နှင့် ရွာတည်ခဲ့ခြင်းလည်း ဖြစ်သည်။ အမည်မှန်မှာ ဆယ်အင်း ဖြစ်သည်။ အင်း ဆယ်အင်း ၀ိုင်းရံ ဖွဲ့စည်းထားသောကြောင့် ဆယ်အင်း ဟု အမည်တွင်ခေါ်စေခြင်းဖြစ်သည်။ အင်းဆယ်အင်း နာမည်များကို ကျွန်တော် မမှတ်မိတော့ပါ။ update ပြန်လုပ်ပါမည်။း)
ရွာ ကို တောင်မြောက် အရှည် တည်ထားခဲ့ခြင်းမှာလည်း ဆရာတော် ၏ အမှာတော်စကားအရဖြစ်သည်။ ရွာလယ်တွင် နတ်ကြီးစင် ကြီးရှိသည်။ နတ်ပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည်။

No comments:

Post a Comment