ရွာဦးမှ ဆက်ဝင်လိုက်လျှင် ဘုန်းကြီးကျောင်းများကို ဖြတ်၊ ဇရပ်များကို ဖြတ်ပြီး ဈေးတန်းကို ရောက်ပေမည်။ နံနက်ဈေး ကိုလည်း ထိုနေရာမှာ ပင်တွေ့နိုင်သည်။ လက်ဖက်ရည် နှင့် ကုန်စုံဆိုင် တချို့ကို ရွာထိပ်တွင်တွေ့နိုင်သည်။
ရွာထဲတွင် အဓိက လမ်းမကြီး ၃ ခုသာရှိသည်။ အရှေ့လမ်း ၊ အနောက်လမ်း နှင့် အလယ်လမ်းဟူ၏ နတ်ကြီးစင် သည် ထိုလမ်းများ ပေါင်းစုံရာဖြစ်ပြီး ရွာလယ်တွင်တည်ရှိသည်။ ညနေ နေ၀င်ခါနီးတွင် နတ်ကြီးစင်ဘေးမှ ဇရပ်ပေါ်သို့ ကလေးများ နှင့် ကာလသား လူငယ်များစုရုံးလေ့ရှိသည်။ဈေးတန်းထိပ်တွင်ရှိသော မန်ကျီးသုံပင် လမ်းဆုံတွင်တော့ ကာလသား ကျောင်သား လူပျို ပေါက်လေးများ နှင့် လူပျိုကြီးများ စုရုံးလေ့ရှိသည်။ ထိုနေရာမှ ဖြတ်၍ ပင် လုံမပျိုတို့ ရေခပ်လေ့ရှိသည်။ ဈေးသွားလေ့ရှိသည်။ လမ်းသလားလေ့ရှိသည်။ ညနေပိုင်းတွင် လူစည်ကားလေ့ရှိသော နောက်တနေရာသည် လက်ဖက်ရည်ဆိုင် နှင့် ရုပ်ရှင်ရုံဖြစ်သည်။ လူကြီးလူငယ်မရွေး လက်ဖက်ရည် ထွက်သောက်ပြီး စကားပေါ လေ့ရှိပြီး ပျိုပျိုမေများကတော့ ရုပ်ရှင်သွားကြည့်လေ့ရှိသည်။
နောက်လူစည်ကားရာနေရာကား အရက်ဆိုင်နှင့် ထန်းရေဆိုင်ဖြစ်သည်။ ညနေပိုင်းတွင် အလုပ်မှပင်ပန်းသမျှ ကို ထန်းရေနှင့်သော်လည်းကောင်း အရက်နှင့်သော်လည်းကောင်း ဖြေဖျောက်ကြသူများရှိသလို ၊ ကြိုက်လို့သောက်သော ယစ်ထုပ်ကြီးများလည် ရှိသည်။
ရွာ၏ တောင်ဘက် လမ်း အဆုံး ရွာ ထွက်ပေါက်တွင် သချိုင်္င်းကုန်းတည်ရှိသည်။ ယခုတော့ နေရာပြောင်းသွားပြီဟု သိရသည်။ ရွာ၏ မြောက်ဘက် အဆုံးတွင် ဆေးပေါင်းတိုက်ရှိသည်။ ရွာ၏ အ နောက်ဖက်တွင် မူးမြစ် ရှိသည်။ စာသင်ကျောင်း ၊ ဆေးရုံနှင့် ရဲစခန်းသည် ကပ်လျက် ရွာ၏ အရှေ့ မြောက် အရပ်၌ တည်ရှိသည်။
ဟိုးယခင်က ကျွန်တော်တို့ရွာတွင် လှပသော တံတားနှစ်ခု ရှိခဲ့သည်။ စဉ်ညံဥ တံတား နှင့် လေးဆယ်တစ် တံတားတို့ ဖြစ်သည်။ ထိုတံတားများ သည် မန်းက ဥပိန်လောက်မရှည်သော်လည်း တော်တော်လေး ကြည့်ကောင်း အောင်လှပခဲ့သော တံတားများဖြစ်သည်။ ဓါတ်ပုံထဲ ၌ မသိလျှင် ဥပိန်သာဖြစ်သည်။ ယခုတော့ အားလုံး မြေသားလမ်းများဖြင့် အစားထိုးပြီး တံတားတိုလေးများသာရှိတော့သည်။ နှမြောဖွယ်ဖြစ်သည်။
နောက်ဆို ဓာတ်ပုံပါရိုက်ခဲ့ပါလား...အဲလိုအေးအေးချမ်းချမ်းနေချင်လိုက်တာ..
ReplyDelete