Thursday, June 2, 2011

ဆင်အင်းရွာ ( သို့ ) ဆယ်အင်းရွာခေါ်ဆိုရခြင်း၏ သိကောင်းစရာအဖြာဖြာ

တိုင်းပြည်ခရိုင် နိုင်ငံအစိုစို ၊ မြို့အသီးသီး ၊ ထီးအခန်းခန်း ၊ နန်းအ၀၀ သို့ရှိကြသည်တွင်၊ ၀ိဝဋဌာယိ ၊တည်ဦးအစ မဟာသမတမင်းမှစ၍ အာဒီစ္စ၀ံသာ၊ နွယ်လာတော်မြတ်၊ သာဂီယဇတ် ၊ ဘုန်းရောင်လျှပ်သဖြင့် ၊ ကုန်းဘောင်နတ်မူလည်း ဖြစ်ထသော ၊ ၀ဇီရာဝုဒိန်၊ မဟိနိသက္က ၊ နတ်ဆက်သသော အနက္ဃစကြာ၊ ရိန္ဒမာလှံ သိန်းတာပျံနှင့် က္ကဘံဂဇ ၊ ၀ါရဏဟု၊ နာဂရာဇာ မင်္ဂလာရန်နင်း၊ ငွေရလင်းသော၊ ဆင်ဆန္ဒန်ပေါက်၊ ပြောင်စုံသောက်တို့၏သခင်၊ အသျှင်တမူလည်းဖြစ်ထသော၊ အ၀န်းယူဇနာ၊ ကိုးရာပတ်ဝိုက်၊ မဇ္စျေတိုက်မှ၊ ထွက်စိုက်ရာဟောင်း၊ လေးကြိမ်လောင်းသော၊ တကောင်းနန်ရိုး၊ သတိုးအာဒိစ္စရာဇာ၊ မင်း၏သားတော်၊ ပျူစောထီးမင်းမှလျှံဝင်၊ မစ္စူ ရိပ်ဖြူဖြန့်လွှာ သား၏ သားဖြင့် မပြားစီလျှက်၊ လေးဆယ့် ခုနှစ်ဆက်၊ ထင်းကဲ့သက်၍ မြောက်ဘက်မြင်းမြေ၊ ရဝေကဒန်၊ ဗိမန်ကွန့်ဖူး၊ ပွားလူးထောင်သစ် တည်ဦးဖြစ်သော လျှပ်စစ်ရောင်ငြီး ထိန်ထိန်ကြီးမျှ အထီးရှေးခါ၊ ဥက္ကာ၊ မုခ၊ နရိန္ဒကဲ့သို့၊ တောပလျှံဝင်း၊ ခံတွင်းအာစက်၊ မီးရူးရောင်လက်၊ ပြောင်ပြောင်ထွက်သဖြင့်၊ ပြိုင်ဘက်မပြူ၊ မည်သူတစ်ယောက်၊ ချီးမြှောက်အံ့ငှာ၊ မတတ်ရာလျှက်၊ အာသာဓါဓန၊ အသင်္ခါကဟိတ်၊ နိမိတ်ကျော်ကြား၊ ဘုန်းတော်အားကြောင့်၊ သိကြားဗြဟ္မာ၊ ဒေ၀ါနတ်ပေါင်း ဘိသိက်ညောင်းသဖြင့်၊ အလောင်းမင်းတရားဟူသော ဘွဲ့ပုံနာမံ၊ အမည်လည်းခံထသော၊ ဘ၀သခင်၊ ဘုရင်ရာဇိန်၊ ထွာပိန္ဒရစ်၊ နေမြစ်ဝံသာ၊ သမ္ဘာရင့်ညောင်း၊ ပွင့်မည်ချောင်းသော၊ အလောင်းမင်းတရားကြီးသည် ထရားဘီးဝန်းမြန်တိုင်းခန်းကို၊ သိမ်းမြန်းပိုင်သ၊ ဘုန်းကြိုးပြ၍၊ ရာဇပြကတော့၊ မင်းလေ့ဖွယ်ရာ၊ မင်းတံတွာဖြင့်၊ မန္တာ ဥသာဟ၊ မပါဝဟု၊ ရာဇသတ္တိသုံးပါးရှိသည်တွင် ရှေးသိ၊ နှောင်းမြင်၊ ပညာရှင်တို့နှင့်တိုင်ပင်ညှိ့နိုင်း၊ ဟုတ်တိုင်းသိသော ၀ိစာဇန၊ ဓမ္မလက်မွှန်၊ ရှေ့သွားညွန်လျှက်၊ ရှေးလွန်ပဝေသဏီ၊ ထုံးအညီလျှင်၊ ပူရိအောင်မြို့၊ ရွှေမြို့၊ ရွှေနန်း၊ ဖန်ဆန်းတည်ထောင်တော်မူမည်ဟု ကြံရည်တော်မူလပ်ရာကား၊ ဂ၀ိပတေ့၊ ရသေ့၊ သိကြား၊ ဘုရား၊ ဗျာဒိတ်နိမိတ်၊ သိုက်ဓါတ်၊ ကိန်မြတ်အလာ၊ ညီညွတ်စွာလျှက်၊ မြို့ရွာနင်းလှည့်၊ ရှာလေဘိသော်၊ ကပိလဘုန်းဟေ့၊ ရှင်ရသေ့၏ ပျော်မွေ့ခန်းဝါ၊ သင်္ကန်းသာကဲ့သို့၊ ရာမညတိုင်း မွန်တလိုင်းဟု၊ ပတ်ဝိုင်းရန်ဘေး၊ မန်အလှေးတို့ကို၊လေးဆယ့်ခြောက်ရပ်၊ မြဲကျပ်အုပ်စီး၊ ခေါင်းအကြီးတို့၊ မူးကြီးကွပ်ကဲလျက်၊ ရဲဘော်ရင်းစစ်၊ ခြောက်ကျိပ်ရှစ်နှင့်၊ ထိုးပစ်ရှင်းသတ်၊ ဖြိုနှင်းလပ်သဖြင့်၊ နတ်အသူရာ၊ တပ်ဗျူဟာတို့ကို၊ သူဇာသတ်ထား၊ မိုးသကြားသည်၊ ပယ်ရှားသုတ်သင်၊ အောင်ပွဲရင်သကဲ့သို့၊ အောင်မြင်တော်မူရာ၊ အောင်မြေချာဝယ်၊ ရတနာသိင်္ဃမော်ကွန်းသလျှက်၊ တေဇထွန်းပြောင်၊ ရန်ကြီးအောင်နှင့်၊ ကုန်းဘောင်ရွှေဘို၊ မုဆိုးဘိုဟု နဂို ချက်မှန်ငါးဘွဲ့ခံသည့်၊ နက်သံအောင်ခန်း၊ ရွှေမြို့နန်းကို ဖန်ဆန်းတည်ထောင်တော်မူသတည်း။ ယင်းသို့ငါးမည်၊ ဂုဏ်ထူးစီလျက်၊ စိတ်ကြည်လျှမ်းဖြိုးသန်းမချိုသည့်၊ နန်းမြို့တော်ကြီး၏ မနောက်၊ ချင်းထောက်ယူဇနာ ( ၁၄ ) မိုင်အကွာတွင်၊ ယမံတီတေ၊ ရှေးလွန် လေက၊ ကရမေမြတ်စွာ၊ သဗုဒ္ဓါ၏ လောင်းလျှာသက်နှင်း၊ ဆင်မြတ်မင်းတို့ ပျော်ခင်းရပ်ထံ၊ ဆင်ပေါင်းရံလျှက်၊ ဆင်အပေါင်းတို့ခညောင်းရန်ပါတ်၊ ဂုဏ်သကတ်ကြောင့်၊ အနွတ္ထသညာ၊ စဉ်အလာဖြင့် မထဗျာနယ်တွင်း၊ ကြွယ်သတင်းနှင့်( ဆင်အင်း ) ဟူ၍၎င်း ၊ အုပ်ဖို၊ ၀တ်တိး၊ တမျိုးရွာလည်း အစချီလျှက်၊ (ဆယ်မည်) သော- အင်း၊ အပေါင်း ခညောင်းရန်ပါတ်၊ ဂုဏ်သကက်ကြောင့်အနွတ္ထသညာ စဉ်အလာဖြင့်၊ ပထမနယ်တွင်း၊ ကြွယ်သတင်နှင့် ( ဆယ် ) အင်းဟူ၍၎င်း တကြောင်းမှတ်စရာ ထုံးကိုရှာသော် ရတနာပူရ မြို့ရွှေဝ၏ နရအုပ်ကပ်၊ မင်းလောင်းမြတ်နှင့်၊ ညာနမျက်ခြယ်၊ ( စောပုမယ်တို့ ) လယ်ပယ်အပေါင်း ချောင်းမြောင်းအတန်တန်၊ ကန်အသွယ်သွယ် ဆည်အရပ်ရပ် အင်းထွေပတ်လျှက်၊ တည်ထားကိုးကွယ်တော်မူခဲ့သော ရှင်စောပု စေတီတော်မြတ်ကြီးကို မျက်မြင်ဒိဌဖူးတွေ့ကြရပါ၏ ၎င်းရှင်စောပု စေတီတော်မြတ်ကြီးကို နှစ်စဉ်နှစ်တိုင်း၊ နယုန်လဆန်း ( ၈ ) ရက်နေ့နံနက်တွင် သံဃာအပါး ( ၁၀၀ ) ကျော် ပင့်ဖိတ်၍ အ၀တ်၊ သင်္ကန်း ကျောင်း ဆေး ကွမ်း နှင့် လျူနတ်းကြရို့၊ ပစ္စည်းအမျိုးမျိုးတိုကို (သံဃိက ) စာရေးတန်မဲနှင့် လှူဒါန်းကြရလေသတည်း။

No comments:

Post a Comment