သက္ကရာဇ် ၇၈၄ ခုတွင် အင်းဝ နန်းစံနေသော စောပုမယ် မိဖုရားကြီးသည် မြို့လှတွင် နန်းစံနေသော မောင်တော် သတိုးမင်းခေါင်ထံသို့ လာရောက်ရင်း ထိုသို့ ဘာသာ သာသနာထွန်းကားရာ ဆယ်အင်းဒေသသို့ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်တော်မူခဲ့ကာ ရှင်စောပုစေတီတော်မြတ်ကြီးဟု အမည်တွင်စေခဲ့သည်။
နယ်လေးရပ်အကွာ အနောက် မရကန် တောင်ရေကြည်ဝ ၊အရှေ့ သီးလုံး မြောက်ကျွန်းစွယ် ၊ ကျွန်လယ် ထိအတွင်း ကျေးရွာအားလုံး နှစ်စဉ် နယုန်လဆန်းရှစ်ရက်နေ့တိုင်း ရှင်စောပုစေတီသို့ ပဒေသာပင်များပို့ဆောင်ကာ စာရေးတံမဲပွဲ ကျင်းပရန် ကျိန်စာဆို ဆောင်ရွက်စေခဲ့ပါသည်။
စေတီကြီး၏ အရှေ့အရပ်တွင် ဆင်နှစ်ကောင် ၊ မြောက်အရပ်တွင် ခြင်္သေ့နှစ်ကောင်၊ အနောက်အရပ်တွင် မိကျောင်း နှစ်ကောင် ၊ တောင် အရပ်တွင် နတ် ဗြဟ္မာ တည်ဆောက်စေခဲ့သည်။
၁။ အရှေ့ ဆင် ထားရခြင်းမှာ တောကြီး မျက်မဲ ဖြစ်၍
၂။ မြောက် ခြင်္သေ့ ထားရခြင်းမှာ သားရဲတိရိ စ္ဆာန်ပေါများ၍
၃။ အနောက် မိကျောင်း ထားရခြင်းမှာ မူးမြစ်ရှိ၍
၎။ တောင် နတ် ဗြမ္မာထားရခြင်းမှာ ရေထွက် နှစ်ကန်ရှိ၍ဟု သိရှိမှတ်သားရပါသည်။
ရှေးယခင်အခါက အရှင်ဥာဏလင်္ကာရ အစီအစဉ်ချကာ တည်ဆောက်ခဲ့သော ဆင်အင်းကျေးရွာ ဆင်များ ပျော်စံရာ နေရာလည်း ဖြစ်ခဲ့ပေသည်။ ၄င်းဆင်များကို ရွာသားများက တိုက်ထုတ်ကာ ဆင်ငယ်လေးတစ်ကောင် ပစ်သတ်နိုင်ခဲ့ရာ ဆင်ငယ်ကျ ဟု ခေါ်တွင်နေသော နေရာ ယခုတိုင်ပင် ရှိနေပါသည်။ ဆင်ငယ်ကျတံတား ဟု ခေါ်တွင်သည်။ ၄င်းအချိန်မှ စ၍ ဆင်များ၏ အန္တရာယ်လည်း မရှိတော့သောအခါ ဆင်အင်းရွာဟု အထက်အာဏာပိုင်များက ခေါ်တွင်စေကြောင်းသိရှိရပါသည်။
ယခုအခါ ရဟန္တာရှင် ဥာဏလင်္ကာရတည်ထားခဲ့သော လမ်းသုံးသွယ်နှင့် ရွာတန်းရှည်ဆင်အင်းမြေတွင် ရွာအ၀င်မှစ၍ ရှင်စောပုစေတီတော်မြတ်ကြီးကို ဖူးမြင်ကာ ဗောဓီပုလင် ခြင်္သေ့ကြီးနှစ်ကောင် ဘုရားတိုက် သာယာခန့်ညားသော ကျောင်းတိုက်ကြီး ၅ တိုက်ကို တွေ့ရှိရမည်ဖြစ်ပြီး အထက်တန်းကျောင်း ၊တိုက်နယ်ဆေးရုံ ပြည်သူ့ ရဲတပ်ဖွဲ့စခန်း ၊ရယက ရုံးခန်း ဆေးပေါင်းတိုက်အလုံးပေါင်း ( ၅၀ )နှင့် စည်ကားသိုက်မြိုက်စွာ တိုးတက်လာနေပြီဖြစ်ပေတော့သည်။
အရှေ့အရပ်၌ ဆင်ကို မတည်ရသေးပါ။ ယခု ဆင် တည်ဖို့ရန် ကြိုးစားနေကြပါသည်။ ကျနော် ရေးထားတာကိုလည်း ဖျက်ရမှာ နှမျောနေတာနဲ့ ရွာကနေကူးလားတဲ့ အကျဉ်းချူပ်ကိုပဲ တင်လိုက်တယ်။ ကျနော် ကျန်ခဲ့တဲ့ ရွာရဲ့ အင်း ၁၀ အင်း ရဲ့ နာမည်တွေ၊ နောက် ဘုရားပွဲတွေရဲ့ နာမည်တွေကို တွေ့မြင်နိုင်ပါတယ်။ တကယ်လို့များ ဆင်အင်းရွာသူ ရွာသားများနဲ့ ဘေးပတ်ဝန်းကျင်က ရွာများ၊ ဒါမှမဟုတ် ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်များက မှားတာတွေ့ရင် ပြင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။နောက် ရွာအကြောင်းကို ရှေးလူကြီးများနဲ့ interview လုပ်ထားတဲ့ video file ကို ကျနော် ကြိုးစားပြီးတင်ပါအုံးမယ်။ ဖြတ်တောက်ပြီး မှတင်လို့ရမယ်လေ။
မှန်နန်းရာဇ၀င် ရွှေရောင်အဖုံးနဲ့ စာအုပ်မှတော့ ဘုရင်မင်းခေါင်ကြီးတည်ခဲ့တဲ့ ဘုရားဟာ မြို့လှဘုရားလို့ မှတ်ကြားမိပါတယ်။ မှန်းနန်းရာဇ၀င်ကြီးက ခု သာရေဖုံးနဲ့ စာအုပ်မှာတော့ မင်းခေါင်ဘုရားတည်ခဲ့တဲ့ ဘုရားအကြောင်းမပါဘူးလို့သိရပါတယ်။
နောက် ဦးအောင်ဇေယျ ထန်းတပ်တည်ဆောက်ဖို့ သိမ်းပိုက်စီးရုံးခဲ့တဲ့ ရွာတွေထဲမှာ ကျနော့တို့ ရွာနာမည် မပါဘူးလို့လည်းသိရပါတယ်။