ဆင်အင်းရွာသည် ရွှေဘို၏အနောက်ဘက် ၁၄ မိုင်အကွာ ၊ ရေဦး ၏ တောင်ဘက် ၁၀ မိုင်အကွာ ၊ မုံရွာ၏ အရှေ့မြောက်အရပ် ၁၂ မိုင်ခန့် တွင်တည်ရှိပါသည်။
ရွှေဘိုမှ သွားလျှင် ၂ လမ်းသွား ၍ ရပါသည်။ ဆိပ်ခွန် လမ်း နှင့် ညောင်ပင်သာ လမ်းဟူ၍ ဖြစ်ပါသည်။ ဆိပ်ခွန်ကိုတော့ လူတိုင်းသိနီးပါသိနိုင်ပါသည်။ ဆိပ်ခွန် ပုဆိုး ဆိုလျှင် အားလုံး အသိပင်။ ဆိပ်ခွန်ရွာ > ဇီးဖြူကုန်းရွာ > ထနောင်းကိုင်း ရွာ ပြီလျှင် ကျွန်တော့် ရွာ ဆင်အင်း ကိုရောက်ပါပြီ။ ညောင်ပင်သာ လမ်း မှသွားလျှင် ညောင်ပင်သာရွာ > မြင်းစီးရွာ ပြီးလျြှင် ဆင်အင်းကိုရောက်ပါပြီ။
နောက်ညောင်ပင်သာ လမ်းကတော့ ဇီးကုန်း ၊ ညောင်ပင်သာ ၊ မြင်းစီး နောက် ဆင်းအင်းကို ရောက်ပါပြီ။
ရွာဦး ၀ တွင် ရှင်စောပု ဘုရားကို ထည်ဝါစွာ ဖူးမြင်နိုင်ပါသည်။ မန်းတောင်ခြေမှ ခြင်္သေ့ကြီးများကို ပင် ယှဉ်၍ ရသော ခြင်္သေ့ကြီးနှစ်ကောင်ကို ကောင်းကောင်းတွေ့မြင်နိုင်ပါသည်။
အိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိသော ရွာကြီးတရွာဖြစ်ပြီး ဘေးပတ်လည်တွင် ကူတိုးဆိပ်ရွာ ၊ အင်းညင်းပင်ရွာ ၊ မအူပင်ရွာများ ၀ိုင်းရံထားပါသည်။ ရွာမှ လမ်း ၁၅ မိနစ်ခန့် အနောက်ဘက် ခပ်ယွန်းယွန်းသို့ လျှောက်လျှင် ဧရာဝတီမြစ်ထဲသို့ စီးဝင်သွားနေသော မူးမြစ် ရှိသည်။
ဘုန်းကြီးကျောင်း ၅ ကျောင်း အပြင် နောက်တိုး တောရ ဘုန်းကြီးကျောင်း နှင့် အားလုံးပေါင်း ၆ ကျောင်းရှိပါသည်။ တိုက်နယ်ဆေးရုံ ၊ ရဲစခန်း ၊ အခြေခံ ပညာ အထက်တန်းကျောင်း ( သူငယ်တန်းမှ ၁၀ တန်းအထိ ) များရှိပါသည်။ နံနက်ဆိုလျှင် နံနက်ဈေး ( ၅ မှ ၆ ခွဲ လောက်ထိ ) နှင့် တနေကုန် ဈေးတန်း ၊ လက်ဖက်ရည်ဆိုင်များ လည်း ရှိပါသည်။
ဆက်ရန်...။
Friday, December 18, 2009
Thursday, December 17, 2009
ဆင်အင်းရွာ
ကျွန်တော့်ရဲ့ ရွာလေးပါခင်ဗျာ။ ရွာလေးအကြောင်းကို မော်ကွန်းတင်ထားချင်လို့ ၊ အမှတ်တရဖြစ်အောင်လို့ ၊ ဆင်အင်း ဆိုတဲ့ ရွာတရွာ ရှိတယ်ဆိုတဲ့ အကြောင်းလေးကို သိစေချင်လို့ ဒီဆိုက်ကိုဖန်တီးခဲ့တာပါ။ ရွာကို တိုးတတ် စည်းပင်စေချင်တာကတော့ အမှန်ပါဗျာ။ ကျွန်တော်ရဲ့ ရွာလေးကို ပိုပြီး ဖွံဖြိုးလားရမယ် ဆိုတဲ့ ကျွန်တော် ဆန္ဒ ကို အကောင်အထည် စတင်ဖော်ခြင်းဖြစ်ပါတယ်။
Subscribe to:
Posts (Atom)